Wednesday 27 November 2013

ဂျပန်နိုင်ငံက ကောက်ရိုးနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာ




ဂျပန်နိုင်ငံက ကောက်ရိုးနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာ...


















စိုင်းစိုင်းနဲ့ အောင်ရဲ့လင်း

 စိုင်းစိုင်း
အေင်ရဲလင်း

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး




သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး



သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းစေပါတယ်

ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်

သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်

ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။

ထူးဆန်း ဆံပင်စတိုင်များ



ထူးဆန်း ဆံပင်စတိုင်များ..























h





   လွမ်းမပြေမှကူးယူးဖော်ပြပါတယ်

ကြက်ဟင်းခါးပင်၏ ကျန်းမာရေး စွမ်းပကား





ကြက်ဟင်းခါးပင်၏ ကျန်းမာရေး စွမ်းပကား

ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ် ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ ပါဝင်မှု အလွန် လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရ ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါဝင် နေပါတယ်။ သံဓာတ် ပါဝင်မှု များပြီး ဘီတာ ကယ်ရိုတင်း ပါဝင်မှုဟာ ပန်းဂေါ်ဖီစိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင်မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ်ပေါင်း တစ်မျိုး လည်း ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အ ကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ

ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) အမျိုးအစား (၂) ဆီးးချိုရောဂါ

ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင်

ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိ ပြဿနာ တွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။

(၆) အရက်နာကျခြင်း

ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း

ကြက်ဟင်းခါးသီး အရည်ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

(၈) လိပ်ခေါင်း

ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာ သွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင် နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ

ကြက်ဟင်းခါးရွက် အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြား အနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ

လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက် ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

ရဲယို အစွမ်း အံ့မခန်း




ရဲယို အစွမ်း အံ့မခန်း
============

မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ ပေါက်ရောက်၍ ပေါများစွာ တွေ့ရှိရသော ရဲယိုပင်၏ အစွမ်းမှာ အံ့မခန်း လောက်ပါတယ်။

ရဲယိုရွက်၊ ရဲယိုသီးတို့ဟာ ရောဂါများကို ကာကွယ် ပေးရုံမက ရောဂါကြီး တချို့ကိုလည်း ပျောက်ကင်းတာကို တွေ့ရပါတယ်။

ရဲယိုသီးဟာ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကြောင့် ဖြစ်သော ပူလောင်ခြင်း၊ အစာမကြေခြင်း၊ အထက်သို့ လေတက်ခြင်း၊ သည်းခြေ လှုပ်ရှားခြင်းတို့ကို ပျောက်ကင်း စေပါတယ်။ ၎င်းအပြင် ရဲယိုသီးဟာ သွေးတိုးကို ချပေးနိုင်ခြင်း၊ ရောဂါပိုးများကို ခုခံပေးနိုင်ခြင်းတို့ကို တွေ့ရှိရပါတယ်။ အစာမကြေခြင်းနှင့် နှလုံးပျက်စီးမှု အန္တရာယ်မှ ကာကွယ် ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်သော အခြေအနေများနှင့် ကင်ဆာ အကျိတ်အလုံး ကြီးထွားမှုကို ထိန်းချုပ် ပေးနိုင်ကြောင်း လေ့လာ သိရှိရပါတယ်။ ရဲယိုသီး၊ ရဲယိုရွက်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်း ပေးနိုင်ခြင်း၊ ခန္ဓာကိုယ် စွမ်းအားကို တိုးပွားစေခြင်း တို့ကိုလည်း ဖြစ်စေနိုင် ပါတယ်။ နာကျင်ခြင်း ဝေဒနာကိုလည်း လျော့ပါး စေနိုင်ပါတယ်။ ရဲယိုရွက်ကို ပြုတ်၍ လည်းကောင်း၊ ငါးနှင့်ချက်၍ လည်းကောင်း စားသုံးကြသလို ရဲယိုသီးမှည့်ကိုလည်း ထန်းလျက်နှင့်ရော၍ စားသုံးကြပါတယ်။ ယခုအခါ ခေတ်နှင့်လျော်ညီစွာ ရဲယိုဓာတ်စာရည်၊ ရဲယိုပေါင်းရည်၊ ရဲယိုသီးယိုဟူ၍ ထုတ်လုပ် ရောင်းချ လာကြသည်ကို တွေ့ရှိရပါတယ်။ မည်သို့ပင် ဖြစ်စေ ရောဂါ အပေါင်းမှ ကာကွယ် ပျောက်ကင်းစေသော ရဲယိုသီး၊ ရဲယိုရွက်၏ အစွမ်းကို အများပြည်သူများ သိရှိနိုင်ရန် ရေးသား တင်ပြ လိုက်ပါတယ်။ ။

အောင်မိုးမြင့်(နေပြည်တော်)

ဆေးဖက်ဝင် ဆင်တုံးမနွယ်




ဆေးဖက်ဝင် ဆင်တုံးမနွယ်

ဆင်တုံးမနွယ် ဆိုသည်မှာ အခြား အပင်ကြီးများပေါ်တွင် တွယ်ကပ် ပေါက်တတ်သော နွယ်ပင်တစ်မျိုးဖြစ်ပြီး

ရုက္ခဗေဒ အခေါ်အဝေါ်မှာ Tinospora cordifolia ဖြစ်ပါသည်။ ဆင်တုံးမနွယ်၏ အခေါက်မှာ အပင်နုစဉ်၌ အစိမ်းရောင်ဖြစ်ပြီး သက်တမ်း ရင့်လာလျှင် မီးခိုးရောင် ပြောင်းသွားပါသည်။ မီးခိုးရောင်ရင့်လေ ဆေးအာနိသင် ပိုမိုကောင်းမွန်လေ ဖြစ်သည်။ အရွက်၏ ပုံသဏ္ဌာန်မှာ ကွမ်းရွက် သို့မဟုတ် ဗောဓိညောင် ရွက်တို့နှင့် ဆင်တူပါသည်။ အရွက်၏ ပုံသဏ္ဌာန်မှာ အသည်းပုံ သင်္ကေတနှင့်လည်း တူသောကြောင့် အင်္ဂလိပ် လူမျိုးများက ဆင်တုံးမနွယ်ပင်ကို Heart-leaved Moon Seed ဟုလည်း ခေါ်ကြသည်။ အပွင့်၏ အရောင်မှာ အဝါရောင် ဖြစ်ပြီး အသီးမှာ အနီရောင် ဖြစ်သည်။

ဆင်တုံးမနွယ်ကို အဓိကအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ ပင်စည်ကို ဖြတ်လိုက်သည့်အခါ ထွက်လာသည့် အစေးပေါ် မူတည်ပြီး အဝါမျိုး၊ အဖြူမျိုးနှင့် အနက်မျိုးဟူ၍ ခွဲခြားထားသည်။ ဆင်တုံးမနွယ်မှာ အဖိုပင်နှင့် အမပင်ဟူ၍လည်း ရှိပါသည်။ အဖိုပင်မှာ ဆူးနှင့်အဖုများပြီး အမပင်မှာ ဆူးနှင့်အဖု နည်းသောကြောင့် အလွယ်တကူပင် ခွဲခြားနိုင်ပါသည်။ ဆင်တုံးမနွယ်၏ ပင်စည်မှာ ဆေးဖက်အဝင်ဆုံး ဖြစ်ပါသည်။ အရွက်နှင့် အမြစ်ကိုလည်း အသုံးပြု နိုင်ပါသည်။ ပင်စည်မှာ များများ ရရှိနိုင်သောကြောင့် ဆေးဖော်ရာ၌ ပင်စည်ကိုသာ အဓိက အသုံးပြုကြသည်။ ဆေးဖက်ဝင် အာနိသင်ဓာတ်မှာ အခါးဓာတ် (Alkaloid) ဖြစ်ပါသည်။ အခါးဓာတ် များလေ ဆေးအာနိသင် ပိုမို ထက်လေ ဖြစ်ပါသည်။

ဆင်တုံးမနွယ်၏ ဆေးဖက်ဝင်ပုံမှာ အရောင်ကျစေသော သတ္တိရှိခြင်း၊ ဆီးချို၊ သွေးချိုရောဂါကို သက်သာ စေခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေခြင်းနှင့် အသက်အရွယ် ကြီးသူများ အတွက် အကောင်းဆုံး သဘာဝ အားဆေးတစ်လက် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ မြန်မာစကား ပုံတွင် ''အသက်ကြီးလျှင် ဆင်စီးပါ'' ဟူသော အဓိပ္ပာယ်မှာ တိရစ္ဆာန်ဆင်ကို စီးခိုင်းခြင်း မဟုတ်ဘဲ ဆင်တုံးမနွယ်ကို မှီဝဲပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဆင်တုံးမနွယ်ကို မြန်မာ့ တိုင်းရင်းဆေး ပညာတွင် မအိုဆေး၊ မသေဆေးအဖြစ် ခေါ်ဝေါ်ကြသည်။ သေဖို့ခက်ခဲသည့် အပင်များထဲတွင် ဆင်တုံးမနွယ်သည် ထိပ်ဆုံးက ပါဝင်သည်။ ဆင်တုံးမနွယ်၏ ပင်စည်ကိုခုတ်ပြီး အနှစ် ၅ဝ မှ ၁ဝဝ ကြာအောင် သိမ်းထားပြီး နောက် အစိုဓာတ်ရှိသော မြေကြီးထဲသို့ ထိုးထည့်လိုက်လျှင် အပင် ပြန်ပေါက်ပါသည်။ လူ၏ ခန္ဓာကိုယ်ကို ဆဲလ်တစ်ခုချင်းစီဖြင့် ဖွဲ့စည်းထားပြီး ထိုဆဲလ်တစ်ခုချင်းစီမှာ DNA Structure များ ရှိပါသည်။ အိုမင်းလာ ခြင်းမှာ ထို DNA Structure များ ပျက်စီးလာခြင်းကြောင့် ဖြစ်ပါသည်။ ထို DNA Structure များ မပျက်စီး အောင်ဆင်တုံးမနွယ်က လုပ်ဆောင် ပေးနိုင်သည့် အတွက်ကြောင့် မအိုဆေးဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

နေ့စဉ် ဆင်တုံးမနွယ်ကို မှီဝဲလိုပါက ဆင်တုံးမနွယ်၏ ပင်စည်ကို ပါးပါးလှီးပြီး နေပူတွင် အခြောက်လှန်း ရပါမည်။ အာနိသင် မပြယ်နိုင်ပါ။ ထိုအခြောက်ကို ရေနှင့်ပြုတ်ပြီး ပြုတ်ရည်ကို သောက်နိုင်ပါသည်။ တစ်နေ့လျှင် ၄ ဒသမ ၅ ဂရမ်မှ ၉ ဂရမ်အထိ သောက်သုံးနိုင်ပါသည်။

ဆိုရီယွန်

နှလုံးကျန်းမာရေး (သတိပြုဖွယ်)





နှလုံးကျန်းမာရေး (သတိပြုဖွယ်)
==================

ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့  ပက်သက်တဲ့ ဆောင်းပါး လေးပါ။

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုး တွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့ တွေပြောင်းလဲ ကျင့်သုံး သင့်ပါတယ်။

ခုဆောင်းပါးလေး ကတော့ ထမင်းစား ပြီးတော့ ရေခဲရေ သောက်သုံး သူတွေ အတွက်တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံး လိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။

ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေ လို အစိုင်အခဲ အဖြစ်ကို ရောက်စေ ပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံ တွေက နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူ ပါလိမ့်မယ်။ အဲတာတွေဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေဖို့ ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေး ကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

(အရေးကြီးတဲ့  နှလုံးခုန် ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက် လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုး တလျှောက် နာကျင် လာခြင်းဟာလဲ သတိထား သင့်ပါတယ်။)

(နှလုံးခုန် ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ် မဟုတ်ပါ။ ဖျားနာခြင်းနဲ့ ချွေးထွက် လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့ သူတွေ ဟာ အိပ်ပျော်နေ ယင်းကနေပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့က သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ဂရုပြုပြီးတော့ သတိထား ရမှာပါ။ အဲတာက ကျွန်တော်တို့ ဆက်လက် အသက်ရှင် ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။

(နှလုံးရောဂါ အထူးကု တစ်ယောက်က ပြောတာက ဒီစာကို ဖတ်မိသူ တစ်ယောက်ကနေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင်နဲ့  ကျွန်ုပ်တို့ ဟာ အနဲ ဆုံး အသက်တစ်ချောင်းကို ကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကိုဖတ်ပါ။ ပြီးတော့ မိတ်ဆွေ တစ်ယောက်ဆီကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက် တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ ကောင်း အဖြစ်နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေးနဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေး လိုက်ပါဗျာ။

သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက်




သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက်

ရဲမြတ်

မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆ဝ ခန့်မှာ သွေးတိုးရောဂါ ခံစားနေရသူ ယခင်နှစ်များထက် ပို၍ မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။

ထို သွေးတိုးရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေးများ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။

ရှေးမြန်မာ မင်းများလက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲများတွင် အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။

ထိုဟင်းပွဲများထဲတွင် သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် ဒန့်သလွန်ရွက် ဟင်းချို၊ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ဖြစ်သည်။

ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစားဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ်အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည်အဖြစ် ပြုလုပ် သောက်သုံးပါက သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်ကြောင်း မြန်မာ တိုင်းရင်းဆေး သမားတော် ကြီးများက ပြောပြခဲ့သည်။

ထို့အပြင် တစ်နေ့လျှင် ကြက်သွန်ဖြူဥ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံး မှငါးလုံးအထိ စားသုံးပေးပါက သွေးပေါင်တက်ခြင်းကို ကျစေပြီး သွေးပေါင်ကျနေသူကို ပြန်လည် ညှိပေး စေနိုင်သည်။

နောက်တစ်နည်းမှာ သံပရာသီး တစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေးအပူချိန် ၇၅ ဒီဂရီ ဖာရင် ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံးပါက တစ်ခဏ အတွင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။

မြန်မာ့ တိုင်းရင်းဆေးဖြင့် လူကြီး၊ လူငယ်များ သွေးတိုးခြင်းမှ ကင်းဝေး နိုင်ပါစေ။ ။

အရေပြားနှင့် ဆံသား ကောင်းခြင်း တို့အပြင် ကင်ဆာ ရောဂါများကိုလည်း ကာကွယ် ပေးနိုင်တဲ့ ငှက်ပျောသီး …



အရေပြားနှင့် ဆံသား ကောင်းခြင်း တို့အပြင် ကင်ဆာ ရောဂါများကိုလည်း ကာကွယ် ပေးနိုင်တဲ့ ငှက်ပျောသီး …

ငှက်ပျောသီးတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များ အမြောက်အမြား ပါဝင်ပြီး စွမ်းအင်နှင့် အမျှင်ဓာတ်များကိုလည်း ပေးစွမ်းကာ အရေပြား၊ ဆံသား ကျန်းမာရေး အတွက်လည်း အထောက်အကူပြုသည့် အပြင် ကင်ဆာရောဂါများကိုလည်း

ကာကွယ်ပေးနိုင်သော အစွမ်းရှိသည်။ ငှက်ပျောသီးတွင် အရေပြား ကျန်းမာ လှပရေး အတွက် အရေးပါသော ဗီတာမင်စီဓာတ်ကို ရရှိနိုင်သည် သာမက ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင် သောကြောင့် ခန္ဓာကိုယ်ရေဓာတ်ကိုလည်း ရရှိနိုင်သည်။ ၎င်းအပြင် အရေပြား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော (Pyridoxine) ခေါ် Vitamin B6 ကို ငှက်ပျောသီးတွင် အမြောက်အမြား ပါဝင်သည့်အပြင် အရေပြားကို Ree Radicals ရန်က ကာကွယ်ပေးသော Manganese များကိုလည်း ရရှိနိုင်သည်။

(ငှက်ပျောသီးက ပေးသော အိပ်စက်ခြင်း) ကျန်းမာရေးအတွက် အရေးကြီးသော အိပ်စက်ခြင်းကိုလည်း ငှက်ပျောသီးက အထောက်အကူ ပြုစေပြီး ဦးနှောက်ထဲ၌ ရှိသော Pineal Gland က ထုတ်လွှတ်လိုက်သော Melatonin ဟုခေါ်သော ဟော်မုန်းတစ်မျိုးက အိပ်စက်ခြင်းကို လည်ပတ် လှုံ့ဆော် ပေးနိုင်သည်။ ငှက်ပျော သီးတွင်ွှ Trypotophan အမြောက်အမြား ပါဝင်သောကြောင့် ညအိပ်ရာ မဝင်မီနာရီ အနည်းငယ် အလိုတွင် စားပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်။

လူ့ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် တော်တော်များများ အတွက် ပိုတက်စီယမ် လိုအပ်ပေသည်။ သွေးအား ထိန်းပေးခြင်း၊ နှလုံး သွေးလည်ပတ်မှု ကောင်းမွန်ရန်နှင့် ကြွက် သားများ ကျုံ့ဆန့်မှုများ အတွက် လိုအပ်သော ပိုတက်စီယမ်ကို ငှက်ပျော သီးမှ ရရှိနိုင်သည်။ ဝမ်းလျှော၊ ဝမ်းပျက်သူများ အနေဖြင့် ငှက်ပျောသီး စားသုံးခြင်းဖြင့် ပိုတက် စီယမ်များကို ပြန်လည် ဖြည့်တင်းနိုင်သည်။ ။

သိုက်ရာဇာ

ဆေးဖက်ဝင် ဒန့်သလွန်ပင်




ဆေးဖက်ဝင် ဒန့်သလွန်ပင်
===============

ဒန့်သလွန်ပင်သည် ဟင်းသီး ဟင်းရွက်ပင် အဖြစ် မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက်ထူ၍ ချောပြီး အဖြူစက် ကလေးများ ရှိသည်။ အတွင်းသား ဖြူသည်။ ဒန့်သလွန်သီးသည် ရှည်လျား၍ အစိမ်းရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။

အမြှောင်း ပါသည်။ အသီး အတွင်းတွင် အစေ့များ တန်းစီလျက် ငါးစေ့၊ ခြောက်စေ့ခန့် ပါဝင်သည်။ အတွင်းသားထူ သည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန်လ များတွင် သီးသည်။

မြန်မာ့ ဆေးကျမ်းများ အလိုအရ ဒန့်သလွန်သည် အနည်းငယ် ချို၏။ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး၊ အကြောအခြင် ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိကို အကျိုးပြု၏။

ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူ၊ ပတဲကောမြစ်၊ မိဿလင်တို့နှင့် ဟင်းခါးချက် သောက်သော် ရာသီထိမ်ခြင်း ပျောက်၏။ ဒန့်သလွန်ရွက်ကို သုံးခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။

ဒန့်သလွန်မြစ်ကို ထုထောင်း ကြိတ်ချေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်းနှင့် တစ်ဇွန်းခန့် သောက်ပါက အသံဝင်၊ အသံကပ်၊ လည်ချောင်းနာ ပျောက်၏။ ဒန့်သလွန် မြစ်နှင့် မုန်ညှင်းစေ့ မျှတ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် နှစ်နာရီကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ သုံးကြိမ် သောက်ပါက အစာမကြေ ဝမ်းဖော ဝမ်းရောင် ပျောက်ကင်း၏။

မျက်နှာပေါ်ကအရေးကြောင်းများကို ရိုးရှင်းလွယ်ကူစွာဖယ်ရှားနည်း




မျက်နှာပေါ်ကအရေးကြောင်းများကို ရိုးရှင်းလွယ်ကူစွာဖယ်ရှားနည်း
===================================

အသက် ၃၅နှစ်နဲ့ အထက် ရောက်လာပြီဆိုမှဖြင့် သဘာဝတရားကြီးကပေးလာတဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို မလွှဲ မသွေ လက်ခံကြရမှာပါဘဲ။ အဲဒီအရေးအကြောင်းတွေကို လျော့ပါးသက်သာအောင်လုပ်ပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေရှိကြ သလို၊ သဘာဝနည်းနဲ့  အိမ်မှာ မိမိဖာသာပြုပြင်တဲ့ ဆေးမြီးတိုနည်းလေးတွေလည်းအများကြီးပါ။ ဒီနည်းလေးကတော့ လုပ်ရတာ အင်မတန်မှလွယ်ကူပြီး၊ အသုံးပြုရမယ့်ပစ္စည်းလေးတွေကလည်း လက်တကမ်းမှာအလွယ်တကူ ၀ယ်ယူရနိုင်လို့  ပြုလုပ်ကြည့် စေချင်ပါတယ်။

အသုံးပြုရမည့်ပစ္စည်းများ။ အဆီမထုတ်ထားတဲ့ဒိန်ချဉ်(လ္ဘက်ရည်သောက်ခွက် ၁/၄ပုံ )၊ ချေထားတဲ့ ဌက်ပျောသီးမှည့်မှည့် (လ္ဘက်ရည်သောက်ခွက် ၁-၀က်)၊ ပျားရည် (လ္ဘက်ရည်ဇွန်း ၁-ဇွန်း) တို့ ဖြစ်ပါတယ်။

အဆင့်(၁) ဌက်ပျောသီးကို အခွံနွှာပြီးနောက် အနှစ်အသားကိုကြိတ်ချေပါ(သို့ မဟုတ်)ကျေသွားအောင် ဇွန်းဖြင့်နာနာ ခေါက်ပါ။ (ဌက်ပျောသီးက မှည့်လေကောင်းလေပါ)

အဆင့်(၂) ပြီးရင် ဒိန်ချဉ်နဲ့ ပျားရည်ရောထဲ့ပြီးနောက်၊ အရောအနှောတွေ သမအောင် ဇွန်းဖြင့်နာနာနယ်ပေးပါ။

အဆင့်(၃) အဲဒီအရောအနှောတွေကို သန့် စင်တဲ့လက်ဖြင့်နှိုက်ယူကာ မျက်နှာအနှံ့ ညီနေအောင် လိမ်းပေးပါ။

အဆင့်(၄) အသားထဲစိမ့်ဝင်သွားအောင် ၁၅-မိနစ်လောက်ထားပါ။

အဆင့်(၅) ရေအေးအေးနဲ့ မျက်နှာသန့် စင်ပေးပါ။

မှတ်ချက်။ အကယ်၍ အရေးအကြောင်းအတွန့် တွေ အရမ်းများတဲ့ အသက် ၅၀ကျော်များအတွက်၊ စောစောကနည်းအတိုင်း ပြုလုပ်ပေးပြီး၊ ၁၅-မိနစ်လောက် အသားထဲစိမ့်ဝင်အောင်ထားနေစဉ်မှာ အ၀တ်ပါးပါးသန့် သန့် ကို ရေနွေးစိမ်ညှစ်ပြီးတော့ မျက်နှာပေါ်အုပ်ထားပေးနိုင်ရင် ပိုသင့်တော်ပါတယ်။ (ဆိုလိုတာကတော့ အ၀တ်မှာစွတ်ထားတဲ့ ရေနွေးငွေ့ တွေက မျက်နှာချွေး ပေါက်ကို ပွင့်စေချင်လို့ ပါ)

အမျိုးသမီးတွေသာမက၊ အမျိုးသားတွေအတွက်လည်း အကျိုးရှိစေပါတယ်။

လှသထက်ပို၍လှနိုင်ကြပါစေရှင်။

(ပေါက်ပေါက်..မျှဝေသည်)

Zuri's Beauty Hub

ထောပတ်သီးက ဘာတွေကောင်းလဲ




ထောပတ်သီးက ဘာတွေကောင်းလဲ

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ

အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း

ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများ အချို့က ကင်ဆာ ကလာပ်စည်း များကို ဖျက်ဆီး ပစ်နိုင်ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်း ထိခိုက်မှု မရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက OleicAcid ပါဝင်မှု များပြီး၊ ၄င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

ထောပတ်သီး တစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ်သော Folate ဖောလိတ် အမည်ရှိ ဗီတာမင်B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ်က နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီး ထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံး ကျန်းမာရေးကို အားပေး မြှင့်တင် ပေးနိုင်ပါတယ်။

(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်

ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက် စထရောလ် ပမာဏကို ကျဆင်း စေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့် စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းသွား စေပါတယ်။

(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း

ထောပတ်သီးထဲမှာ ပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ် ပေးပါတယ်။

(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း

Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်း ရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက် အရွယ်ချင်း အတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာ ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း

ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်း ဖြစ်စဉ်များ မဖြစ်အောင် တားဆီး ပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီ ပေးပါတယ်။

(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း

ကာရိုတင်နွိုက်လို့ ခေါ်တဲ့ ပစ္စည်းတွေ ပါဝင်တဲ့ အတွက် အဆီတွင် ပျော်ဝင် လွယ်သော အာဟာရ ဓာတ်များ စုပ်ယူမှု ပိုကောင်း စေပါတယ်။ ထောပတ်သီး အခွံနှင့် ကပ်လျက် အစိမ်း ရင့်ရောင်ရှိသော အပိုင်းမှာ အများဆုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီး အခွံ သင်တဲ့အခါ အဲဒီ အစိမ်း ရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲ ပါမသွားအောင် ဂရုစိုက်၍ လှီးပါ။

(၈) ထောပတ်သီး ဘယ်လိုစားမလဲ

ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုး ရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်း များကို သိထားဖို့ အရေးကြီး ပါတယ်။ ဒေါက်တာ အယ်ဒီတာ တို့နိုင်ငံတွင် အများစု ကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာ ဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်း သုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထား ရပါမယ်။ အကောင်းဆုံး ကတော့ ထောပတ်သီးကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံး ပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့်ချေကာ အဲဒီ ထောပတ်သီး အနှစ်ထဲမှာ သခွားသီး အချောင်းများ၊ မုန်လာဥနီ အချောင်းများ နှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက် နိုင်ပါ သေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီးနှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်နိုင်သော သဘာဝ ဟင်းသီးဟင်းရွက်များ =====================================




ကင်ဆာ ရောဂါကို ကာကွယ်နိုင်သော သဘာဝ ဟင်းသီးဟင်းရွက်များ
=====================================

ကင်ဆာအမျိုးပေါင်း ၂ဝဝ ကျော်ရှိသည့်အနက် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ဟာ ဖြစ်ပွားမှု

အများဆုံး ဖြစ်တယ်။ ကင်ဆာဟာ မျိုးရိုးဗီဇဆိုင်ရာ ရောဂါလည်းဖြစ်တယ်။ မျိုးဗီဇဟာ ဖရီးရယ် ဒီကယ်ခေါ် ဓာတ်တိုးပစ္စည်းများ၊ ဓာတ်ရောင်ခြည် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခြင်းနဲ့ ဓာတုဗေဒ ပစ္စည်းများကြောင့် ပျက်စီးလေ့ရှိတယ်။ ဒါ့ပြင် အစားအသောက်များမှာ ပြည့်ဝဆီများ လွန်ကဲစွာ ပါဝင်ခြင်း၊ နေရောင်ခြည်နဲ့ အပူလှိုင်းဒဏ် လောင်ကျွမ်းတဲ့ အစားအသောက်များမှာ အဆိပ်သင့် ဓာတုပစ္စည်းများ ပါဝင်မှု၊ ကားမီးခိုးငွေ့၊ ပိုးသတ်ဆေးများ၊ တာရှည်ခံ ပြုလုပ်ထားတဲ့ အစားအသောက်များ၊ ဟော်မုန်းဓာတ်များခြင်းနဲ့ သံလိုက်စက်ကွင်း မလွတ်ခြင်း စတာတွေကြောင့်ကင်ဆာရောဂါ ပိုဖြစ်စေတယ်။

ကင်ဆာဟာ လွန်လွန်ကဲကဲ စားသောက်လေ့ရှိတဲ့ အစားအသောက်များနဲ့ ဆက်နွှယ်လေ့ ရှိတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့များဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုနဲ့ ပတ်သက်နေတယ်။ အစားအသောက်မှာ အဆီဓာတ်မြင့်မားစွာ ပါဝင်နေခြင်းဟာ အီစထရိုဂျင်ကို ထွက်စေပြီး ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်စေတယ်။ ကင်ဆာကို ကာကွယ်နိုင်ရန် ဆီကြော် အစားအသောက် ရှောင်ပါ။ ဖရီးရယ်ဒီကယ်များရဲ့တိုက်ခိုက်မှု လျော့နည်းစေတယ်။ အစားအသောက်များ စီမံရာမှာ ပေါင်း ၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားပါ။ မီးဖြင့်တိုက်မချက်ဘဲ သဘာဝအတိုင်း စားသောက်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်။ ဘာသီကျူးကဲ့သို့ အသားကင်များမှာ အဆီဓာတ် များတဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင် ပစ္စည်းများ ပါဝင်နေတယ်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းများ နည်းနိုင်သမျှနည်းပါစေ။ ဖရီးရယ်ဒီကယ်များနဲ့ ထိတွေ့မှုနည်းအောင် ကားအိပ်ဇော မီးခိုးငွေ့များ၊ လူတို့ပြုလုပ်တဲ့ မီးခိုးငွေ့များ၊ မိုဘိုင်းလ်ဖုန်းများ၊ မိုက်ခရိုဝေ့နဲ့ လျှပ်စစ် အသုံးအဆောင် များကြောင့် ရနိုင်တဲ့ လျှပ်စီးလိုင်းများ နည်းနိုင်သမျှ နည်းပါစေ။ လျှပ်စစ်နာရီများ၊ ဟမ်ဖုန်းများ အိပ်ရာဘေးမှာ မထားရ။ ဓာတုဆိုးဆေးများ၊ ဓာတုပိုးသတ်ဆေး လို သေဆေးများ မသုံးရ။ ဓာတ်မြေသြဇာအစား သဘာဝမြေသြဇာကို သုံးရမည်။

သဘာဝ ဟင်းသီးဟင်းရွက်များ ပိုမိုစားသင့်တယ်။ မုန်လာဥနီ၊ ပဲပုပ်၊ တို့ဟူး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ပန်းမုန်လာနဲ့ ကြက်သွန်ဖြူတို့ဟာ ကင်ဆာရောဂါများကို တိုက်ခိုက်နိုင်တယ်။ မုန်လာဥနီမှာ ဗီတာကယ်ရိုဓာတ် ကြွယ်ဝ၍ ယင်းဟာကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်။ မုန်လာဥနီ နှစ်ဥ၊ ပန်းဂေါ်ဖီစိမ်း နှစ်ပွင့်၊ တို့ဟူး တစ်ချပ် ဟင်းရွက်ပြုတ်ရည် ရေနဲ့အတူ ထည့်မွှေ၊ ငရုတ်ကောင်းထည့်ရင် ခုခံအားမြှင့်တင်တဲ့ စွပ်ပြုတ်ရည် ရနိုင်တယ်။ ပဲနို့ရည်နဲ့ ဟင်းခပ်အမွှေးအကြိုင်တို့လည်း ထည့်နိုင်တယ်။ ပဲပိစပ်၊ ပဲပုပ်စေ့၊ ပဲကျားနဲ့ ပဲနို့ရည်တို့ဟာ ကင်ဆာကို ခုခံနိုင်စွမ်းရှိတဲ့ အစားအစာများ ဖြစ်တယ်။ ပဲမှရရှိသော ဖိုင်တိုအီစထဂျင်နဲ့ လက်စီသင်တို့ဟာ ကင်ဆာရောဂါ ကင်းဝေးစေတယ်။ မုန်လာဥနီ၊ ဆလတ်ရွက်နဲ့ တခြား လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ များဟာ ကင်ဆာဖြစ်စေတယ်။ ဟင်းသီးဟင်းရွက်ရဲ့ အပြင်ဘက် အကျဆုံး အလွှာကို ခွာ၍ လွှင့်ပစ်ပါ။

လတ်ဆတ်ကြပ်ရွတဲ့ ဂေါ်ဖီထုပ် အပတ်စဉ်စားရင် အူမကြီးကင်ဆာ ကာကွယ်နိုင်တယ်။ လတ်ဆတ်တဲ့ သစ်သီးကို သုံးစိတ်လောက်စားပါ။ ကင်ဆာဝေဒနာရှင်များ အတွက် ဗီတာကယ်ရိုတင်း၊ အက်ပီကော့၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ ငရုပ်ကောင်း၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ တရုတ်နံနံ၊ဖရဲသီး၊ သရက်သီးနဲ့ ခရမ်းချဉ်သီးမှာ ဗီတာ ကယ်ရိုတင်းဓာတ် အထူးကြွယ်ဝသလို ဗီတာမင်များ ပါဝင်သောကြောင့် နေ့စဉ်စားသုံးပါ။ စားသောက်တဲ့ အဓိက အစားအစာမှာ ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ သစ်စေ့ အထူးသဖြင့် မုယောစပါး၊ ဆန်လုံးညို၊ ပဲနီလေး၊ ဗာဒံစေ့နဲ့ နေကြာစေ့တို့က ကင်ဆာရောဂါ ကာကွယ်နိုင်တယ်။

ဇင့်နဲ့ ဆီလီနီယမ်ပါတယ်။ သကြားနဲ့ အရက်လျှော့ပါ။ ခန္ဓာကိုယ်လိုအပ်တဲ့ အဆီလောက်သာ စားပါ။ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးပါ။

ရေသောက်ရန် အကောင်းဆုံး အချိန်




ရေသောက်ရန် အကောင်းဆုံး အချိန်
===================
ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့ သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရ များအား ပိုမို ဆုပ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင် များက အားမပေး ပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။

အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

Ref: medic facts


အမျိုးသားတို့ အတွက် စားရမဲ့ အစားအစာ

အမျိုးသားတွေ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ စားသင့်တဲ့ အာဟာရတွေအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင် နေချိန်မှာ ဘာကိုစားသင့်သလဲ၊ ကြွက်သား သန်စွမ်းအောင် ဘာကိုပိုစားသင့်သလဲ စတဲ့ အချက်တွေကို သိထားရင် ပိုမိုအကျိုးရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

ကြွက်သား တည်ဆောက်မှုကောင်းအောင် အဆီနည်း အနီရောင် အသားစားပါ

အနီရောင် အသားတွေကို များများစားတာက ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပေမယ့် အဆီနည်းတဲ့ အနီရောင် အသားမှာတော့ ပရိုတင်းဓာတ် ပါဝင်မှုများပြီး အဆီပါဝင်မှု နည်းတာကြောင့် စားပေးသင့်ပါတယ်။ အနီရောင် အသားမှာ လူစင်းဆိုတဲ့ အမိုင်နို အက်စစ်တစ်မျိုး ပါဝင်တာကြောင့် ကြွက်သားတွေ သန်စွမ်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်အောင် အမည်းရောင် ချောကလက် စားပါ

ချောကလက်ကို သင့်တင့်တဲ့ ပမာဏ စားပေးရင် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ အမည်းရောင် ချောကလက်မှာပါတဲ့ ဖလေဗနောဟာ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျ စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ စတဲ့ ကောင်းကျိုးတွေ ပေးနိုင်ကြောင်း သိရပါတယ်။ သွေးစီးဆင်းမှု အားနည်းတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုး ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ချောကလက်ကို အများကြီးစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်တာကြောင့် တစ်နေ့ တစ်ကွက်စာ ပမာဏကိုပဲ စားသင့်ပါတယ်။

မျိုးဆက်ပွားအင်္ဂါ အားကောင်းအောင် အခွံမာ ပင်လယ်စာ စားပါ

အခွံမာတဲ့ ပင်လယ်စာတွေမှာ ဇင့် (သွပ်) ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးဆက်ပွား စနစ်အတွက် ကောင်းကျိုး ပေးပါတယ်။ လေ့လာမှုအရ အမျိုးသားတွေမှာ ဇင့်(သွပ်)ဓာတ် ချို့တဲ့တာကြောင့် သုက်ကောင် အရည်အသွေး ကျဆင်းမှုနဲ့ မျိုးအောင်နိုင်စွမ်း လျော့ကျမှုတို့ ဖြစ်နိုင်ကြောင်း သိရပါတယ်။

သွေးတွင်းကောင်းသော အဆီတိုးအောင် ထောပတ်သီး စားပါ

ထောပတ်သီးမှာ အဆီဓာတ် ပါဝင်မှု များပေမယ့် ကောင်းတဲ့ အဆီတွေပါ။ ထောပတ်သီးမှာ ပါတဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ ကိုလက်စထရောနဲ့ Total ကိုလက်စထရော အမျိုးအစားတွေကို လျော့ကျစေပါတယ်။

နှလုံးရောဂါ ကင်းဝေးအောင် အဆီပါသော ငါးစားပါ

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်လို့ခေါ်တဲ့ ကျန်းမာရေး အကျိုးပြု အဆီတွေ ပါဝင်ပါတယ်။ ဒီအဆီတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ တချို့နဲ့ အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အဆီများတဲ့ ငါးဟင်းကို နှစ်ကြိမ် စားပေးရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နာကျင်မှု မဖြစ်အောင် ချင်း(ဂျင်း) စားပါ

ချင်း (ဂျင်း) မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ လေ့လာမှုတွေအရ ချင်း(ဂျင်း)ကို ပုံမှန်စားပေးတာက လေ့ကျင့်ခန်း လုပ်တာကြောင့်ဖြစ်တဲ့ ကြွက်သားနာကျင်မှုဒဏ်ကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။

ကြွက်သား သန်စွမ်းအောင် နွားနို့နှင့် ဒိန်ချဉ်သောက်ပါ

နွားနို့နဲ့ ဒိန်ချဉ်မှာ ကြွက်သားတွေကို သန်စွမ်းစေတဲ့ အမိုင်နိုအက်စစ် လူစင်းဓာတ် ပါဝင်ပါတယ်။ ဒါကြောင့် အလေးမ လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသားတွေ အနေနဲ့ ကြွက်သားသန်စွမ်းစေဖို့ နွားနို့နဲ့ ဒိန်ချဉ်ကို သောက်သင့် ပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကျန်းမာ စေပါတယ်။

ကြွက်သားကျုံ့အားကောင်းအောင် ငှက်ပျောသီး စားပါ

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်ဟာ ကြွက်သားတွေကို ကျုံ့နိုင်စွမ်း ကောင်းစေသလို အရိုးကိုလည်း ကျန်းမာ စေပါတယ်။ ပိုတက်စီယမ် အလုံအလောက် မှီဝဲတာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်တာ ကိုလည်း တွေ့ရပါတယ်။


ကြက်သွန်ဖြူရဲကောင်းကြိုး



ကြက်သွန်ဖြူရဲ့ကောင်းကျိုး

ကြက်သွန်ဖြူမှာပါတဲ့ Diallyl Sulfide ဓာတ်ပစ္စည်းဟာ နိုင်ငံအများမှာ အစာအဆိပ်သင့်ရောဂါ အဓိကဖြစ်စေတဲ့ Campylobacter Jejuni ဘက်တီးရီးယားပိုးကို သုံးနေကျ ပဋိဇီဝဆေး တွေထက်

အဆပေါင်း ၁၀၀ တောင် ပိုထိရောက်အောင် သတ်နိုင်တာကို အမေရိကန် သုတေသီ တွေက မကြာခင်ကပဲ တွေ့ရှိလိုက်ကြပါတယ်။ ကြက်ရဲ့အူထဲမှာ နေလေ့ရှိပြီး ကြက်သတ်တာနဲ့ ချက်ဖို့ ခုတ်ထစ်ချိန်တွေမှာ ပျံ့သွားလေ့ရှိတဲ့ ဒီပိုးကို ကြက်သွန်ဖြူက နိုင်နေတာကို အခုလို တွေ့ရှိလိုက်မှု့ကြောင့်၊ အသားစိမ်းတွေနဲ့ ရေရှည်စားခံနိုင်အောင် စီမံထားတဲ့ အသားတွေမှာ ဒီပိုးကင်းစင်အောင်၊ ဒီဓာတ်ပစ္စည်းကို ထည့်သွင်း အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကြက်မောက်သီးရဲကျန်းမာရေး

  



  • ကြက်မောက်သီး၏ ကျန်းမာရေး စွမ်းပကား

    ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ

    ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။

    ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ် နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

    ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

    ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ် ရိုတင်းတို့ များစွာ ပါဝင်တဲ့ အပြင် ဖလေဗိုးနွိုက်လို့ ခေါ်တဲ့ အပင်ထွက် အင်တီ အောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေပြီး ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။

    ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင် လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက် သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

    ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ် အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူ နိုင်အောင် ကူညီ ပေးပါတယ်။

    ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေး အတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။

    ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ် အရင်းအမြစ် ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာ ပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာ ရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်း တာကြောင့် မူးဝေတာ၊ နုံးချည့် ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

    ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။

    ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့် ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရ ဆိုင်ရာ အကျိုးကျေးဇူးတွေ အပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။

    ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါး ကောင်တွေကို သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေး အဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာ နေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်း ဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။

Monday 25 November 2013

သွားလည်ချင်စရာနေရာလေတွေ






Glacier National Park, Canada




10 Stunning Photos

Terraced Rice Fields, Ping’an, China



10 Stunning Photos

Ratti Gali Lake, Neelum Valley, Kashmir



10 Stunning Photos

Temple Watrong Khun, Thailand



10 Stunning Photos

Sir Walter Scott, Melrose, Scotland


10 Stunning Photos

Santo Domingo Savio, Medellín

10 Stunning Photos

Resorts in The Maldvies – Paradise on Earth

10 Stunning Photos

 Picturesque English village of Castle Combe in Wiltshire

10 Stunning Photos