Wednesday 27 November 2013

အရေပြားနှင့် ဆံသား ကောင်းခြင်း တို့အပြင် ကင်ဆာ ရောဂါများကိုလည်း ကာကွယ် ပေးနိုင်တဲ့ ငှက်ပျောသီး …



အရေပြားနှင့် ဆံသား ကောင်းခြင်း တို့အပြင် ကင်ဆာ ရောဂါများကိုလည်း ကာကွယ် ပေးနိုင်တဲ့ ငှက်ပျောသီး …

ငှက်ပျောသီးတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များ အမြောက်အမြား ပါဝင်ပြီး စွမ်းအင်နှင့် အမျှင်ဓာတ်များကိုလည်း ပေးစွမ်းကာ အရေပြား၊ ဆံသား ကျန်းမာရေး အတွက်လည်း အထောက်အကူပြုသည့် အပြင် ကင်ဆာရောဂါများကိုလည်း

ကာကွယ်ပေးနိုင်သော အစွမ်းရှိသည်။ ငှက်ပျောသီးတွင် အရေပြား ကျန်းမာ လှပရေး အတွက် အရေးပါသော ဗီတာမင်စီဓာတ်ကို ရရှိနိုင်သည် သာမက ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင် သောကြောင့် ခန္ဓာကိုယ်ရေဓာတ်ကိုလည်း ရရှိနိုင်သည်။ ၎င်းအပြင် အရေပြား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော (Pyridoxine) ခေါ် Vitamin B6 ကို ငှက်ပျောသီးတွင် အမြောက်အမြား ပါဝင်သည့်အပြင် အရေပြားကို Ree Radicals ရန်က ကာကွယ်ပေးသော Manganese များကိုလည်း ရရှိနိုင်သည်။

(ငှက်ပျောသီးက ပေးသော အိပ်စက်ခြင်း) ကျန်းမာရေးအတွက် အရေးကြီးသော အိပ်စက်ခြင်းကိုလည်း ငှက်ပျောသီးက အထောက်အကူ ပြုစေပြီး ဦးနှောက်ထဲ၌ ရှိသော Pineal Gland က ထုတ်လွှတ်လိုက်သော Melatonin ဟုခေါ်သော ဟော်မုန်းတစ်မျိုးက အိပ်စက်ခြင်းကို လည်ပတ် လှုံ့ဆော် ပေးနိုင်သည်။ ငှက်ပျော သီးတွင်ွှ Trypotophan အမြောက်အမြား ပါဝင်သောကြောင့် ညအိပ်ရာ မဝင်မီနာရီ အနည်းငယ် အလိုတွင် စားပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်။

လူ့ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် တော်တော်များများ အတွက် ပိုတက်စီယမ် လိုအပ်ပေသည်။ သွေးအား ထိန်းပေးခြင်း၊ နှလုံး သွေးလည်ပတ်မှု ကောင်းမွန်ရန်နှင့် ကြွက် သားများ ကျုံ့ဆန့်မှုများ အတွက် လိုအပ်သော ပိုတက်စီယမ်ကို ငှက်ပျော သီးမှ ရရှိနိုင်သည်။ ဝမ်းလျှော၊ ဝမ်းပျက်သူများ အနေဖြင့် ငှက်ပျောသီး စားသုံးခြင်းဖြင့် ပိုတက် စီယမ်များကို ပြန်လည် ဖြည့်တင်းနိုင်သည်။ ။

သိုက်ရာဇာ

No comments:

Post a Comment